August 23, 2013

မိုးအမှောင်ည

အဲ့ဒီညက
လမင်းကြီးအလုပ်မဆင်းဘူး
ကြယ်ကလေးတွေခေါင်းမြီးခြုံ
လုံပြီကွယ်
လေးဘက်လေးတန် မီးချောင်းကြီးတွေက
ဆတပ်တာ ခပ်လိုက်မခပ်လိုက်
ပြိုးပြိုးပျက်ပျက်
မျက်စပစ်ပြီကွယ်
မိုးယံထက်ကဗုံမောင်းသံက
ဟိန်းဟိန်းညံညံ
စနေထောင့်မှာ ဆွမ်းလောင်းပြီကွယ်
ကျွန်တော်
ပုစွန်ထုပ်ကွေးကွေးလေး
အိမ်အိုလေးထဲ
သဲသဲလှုပ်ပြီကွယ် ---။-----။---

No comments: